Home မာလ်တီမီဒီယာ
မာလ်တီမီဒီယာ
၂၀၁၀ ကာတွန်း
  ဖေဖော်ဝါရီလ

 

 
၂၀၁၀ ကန္တာရ၀တီတိုင်း(မ်) လစဉ်ထုတ် သတင်းစာ
 
ဘိန်းခင်းဓါတ်ပုံများ PDF Print E-mail
Written by Neh Law   
Thursday, 28 January 2010 13:23

 ကရင်နီပြည်နှင့် ရှမ်းပြည် နယ်စပ် မိုးနဲတောင်ပိုင်းရှိ ဘိန်းခင်းပင်များကို ၂၀၀၉ ဒီဇင်ဘာလ အတွင်းတွင် ရိုက်ယူထားသော ပုံများဖြစ်သည်၊

ထိုဒေသတွင် နေထိုင်သော ရွာသူရွာသားများမှာ ဘိန်းစိုက်ပျိုးခြင်းသာလျှင် စားဝတ်နေရေးအတွက် အဆင်ပြေသက်သာပါကြောင်း ထိုဒေသသို့ သွားရောက်ခဲ့သော ဓါတ်ပုံရိုက်ခဲ့သူက ပြန်လည်ပြောပြသည်။

KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News

 

Last Updated ( Friday, 29 January 2010 09:09 )
 
ဓါတ်ပုံသတင်း

KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News KT Photo News

 

 
ကရင်နီပြည်တွင်းတွင် မိသားစု ၂၀ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ရ

ယခုအပတ် တနင်္ဂနွေနံနက်က ကရင်နီပြည် ဖရူဆိုမြို့နယ် လို့ကျရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်သုံးလုံး ပြာကျသွားပြီး မိသားစုဝင် ၂၀ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြာပုံအတွင်း အသုံးဝင်မည့် ပစ္စည်းများ ရှာဖွေနေကြစဉ်။(ဓါတ်ပုံ- ကေတီ) 

 

 

 

 

 

 

 

 

 

ကလေးများမီးဆော့ကစားရာမှ လောင်ကြွမ်းခြင်းဖြစ်သည်ဟု ရွာသားအချို့ကယူဆကြသော်လည်း ရွာသားအချို့မှာ ပြီးခဲ့သည့် မတ်လက ရွာအနီးတွင်မြန်မာစစ်အစိုးရတပ်နှင့်ကရင်နီတပ်မတော်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရွာသားများအား သူပုန်ထောက်ခံသူအဖြစ် စွပ်စွဲခြင်းခံထားရသော ကိစ္စနှင့်ဆက်စပ်မှု ရှိနိုင်သည်ဟု ယူဆကြသည်။  

 ပြာပုံအတွင်းမှ ကောက်ရသော အပ်ချုပ်စက် (ဓါတ်ပုံ- ကေတီ)

 

 

 

 

 

 

 

 

 

 

လို့ကျကျေးရွာသည် စစ်တပ်၏ ခြိမ်းခြေက်မှုကို ခံနေရသလို ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့တို့ကိုလည်း ကြောက်နေကြရသည်ဟု ရွာသားများက ပြောပါသည်။ ယခုမီးလောင်မှု၌ အိမ်တွင်းပစ္စည်း တခုမကျန် မီးထဲပါသွားခဲ့သော်လည်း လူတဦးတယောက်မျှ သေဆုံးခဲ့ခြင်းမရှိပေ။ မီးလောက်ခဲ့သည်မှာ သုံးရက်မြောက်ရှိသွားသော်လည်း မည်သည့်အဖွဲ့အစည်းများမှ ထောင့်ပံ့ကူညီပေးမှု မရှိသေးကြောင်း သိရသည်။

ပြာကျသွားသော နေအိမ်အား ထိုင်ကြည့်နေကြသော ရွာသားများ (ဓါတ်ပုံ- ကေတီ)

 

 

 
<< Start < Prev 1 2 3 4 Next > End >>

Page 1 of 4